ကျွန်တော့ Website ကိုလာရောက်ကြည့်ရှူ အားပေးကြသူများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါသည်..သည် Website တွင်မိမိတို့လိုချင်ကြသော အရာများအား တတ်နိုင်သမျှ ကြိုးစားတင်ပေးသွားမည်ဖြစ်ပါသည်.. :)

Tuesday, July 30, 2013

Bagan Keyboard Pro v1.5.1 (Android)



အားလုံးမျှော်လင့်နေတဲ့ Feature အသစ်တွေနဲ့ Bagan Keyboard Pro ကို Version 1.5 အနေနဲ့ Major
Changes တွေ ပြုလုပ်ပြီး ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်ခင်ဗျာ။

အထူးခြားဆုံးအနေနဲ့ Jelly Bean စနစ်သုံး Devices တွေမှာ အရေး၊ အဖတ် နှစ်မျိုးလုံးအတွက် မြန်မာစာ
ကို မှန်ကန်စွာမြင်၊ ရိုက်နိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် မိမိရိုက်လိုက်တဲ့ Font ကိုလဲ အခြား Jelly Bean စနစ်သုံး Devices တွေမှာလဲ မှန်ကန်စွာမြင်
ရမှာဖြစ်ပါတယ်။
Android 4.0 စနစ်နှင့် အထက်သုံး ဖုန်းများအတွက် အလွန် သုံးသင့်သော Keyboard တစ်ခုဖြစ်ပါတယ်။

Bagan Keyboard Pro မူလ Version မှာ ပါတဲ့ အခြား မြန်မာ Keyboard တွေထက်ထူးခြားတဲ့ စာလုံးတွေ
ကို ခန့်မှန်းပေးတဲ့ Auto Suggestion Sytem အပြင် ရရစ်၊ ရပင့်ဝဆွဲ၊အောက်မြင့်တွေကို နေရာမှန်အောင်
ပြုလုပ်ပေးတဲ့ Smart Zawgyi Feature (ဥပမာ။ ။ "နိုင်" ဟူသော စာလုံးကို ရိုက်လိုလျှင် "န" ရေးစရာမ
လိုပဲ မူလ "န" ကို "န" အဖြစ်သို့ ပြောင်းလဲပေးခြင်း)၊ စာရိုက်ရာမှာ မြန်ဆန်အောင် Shift Key နှိပ်စရာမလို
ပဲ Keyboard Screenကို Swipe Up လုပ်လိုက်ရုံနဲ့ Shift Key နှိပ်သကဲ့သို့ဖြစ်သွားနိုင်ခြင်း အသုံးများသော
စာလုံးများကို Shift Key နှိပ်စရာမလိုပဲ နှစ်ခါနှိပ်ပေးရုံဖြင့် စာလုံးပေါ်ခြင်း (ဥပမာ။ ။"ဂ" ဟူသော စာလုံးကို
 ရိုက်လိုလျှင် "၈" ကို နှစ်ချက်နှိပ်လိုက်ပါက "ဂ" ဖြစ်သွားပါမည်။)
Keyboard ၏ အလယ်ဗဟိုနေရာတွင်ရှိသော " ~ " Key သည် အဆင့် စာလုံးများကို ရေးရာတွင် အသုံးပြု
ရန်ဖြစ်ပါတယ်။
(ဥပမာ။ ။ "သတ္တိ" ဟူသော စာလုံးကို ရိုက်လိုလျှင် "သ + တ + ~ + တ + -ိ" ဟု ရိုက်လိုက်ပါက "သတ္တိ"
ဖြစ်သွားပါမည်။) Keyboard ၏ အရောင်နှင့် Layout ကိုလဲ အနည်းငယ်ပြောင်းလဲထားပါတယ်။
ယခုကဲ့သို့ ထူးခြားသော Features များ၊ Android 4.0 အထက် မှန်ကန်အောင် ပြုလုပ်ထားသော Bagan
Keyboard Pro Version ကို အခမဲ့ ဖြန့်ချိသွားမှာဖြစ်ပါတယ်။
(၂.၈၂၀၁၃ မှ ၄.၈.၂၀၁၃ အထိ) ကျင်းပမည့် Yangon ICT Fair တွင်လဲ အခမဲ့ ဖြန့်ချိသွားမည်ဖြစ်
ပါတယ်ခင်ဗျာ။ ဒေါင်းချင်သောသူများအတွက်အောက်မှာဒေါင်းလုပ်လင့်ပေးထားပါတယ်ခင်ဗျာ..

Download As Mediafire :

Source : Bagan Innovation Technology

0 comments:

Post a Comment