ကျွန်တော့ Website ကိုလာရောက်ကြည့်ရှူ အားပေးကြသူများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါသည်..သည် Website တွင်မိမိတို့လိုချင်ကြသော အရာများအား တတ်နိုင်သမျှ ကြိုးစားတင်ပေးသွားမည်ဖြစ်ပါသည်.. :)

Tuesday, August 27, 2013

ဖောက်ခွဲရေးသမားသုံးဦး မြိတ်တွင် မမိသေး


သြဂုတ်(၂၇) ၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
======================================================
အကြမ်းဖက် သောင်းကျန်းသူသုံးဦး သတင်းမီဒီ ယာတချို့တွင်ဖော်ပြနေသကဲ့သို့ ဖမ်းမိခြင်းမရှိသေးကြောင်း မြိတ် မြို့ရှိ နယ်မြေလုံခြုံရေးဆိုင်ရာအ ဖွဲ့အစည်းများထံမှ သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ တနင်္သာရီတိုင်းဒေသ ကြီး မြိတ်မြို့နယ်ရဲစခန်း အထူး သတင်းတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေး ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများထံမေးမြန်းရာ ထိုသို့ပြော ကြားခြင်းဖြစ်ပြီး ဖမ်းဆီးရမိသည် နှင့်တစ်ပြိုင်နက် သတင်းထုတ်ပြန် သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ များက ပြောသည်။
မြိတ်မြို့တွင် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံမှ ဖောက်ခွဲရေးသမား သုံးဦး ရေလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာနိုင်ကြောင်း သတင်း ထွက်ပေါ်လာပြီး ယင်းသုံးဦး၏ အမည်၊ ရုပ်ပုံများကိုလည်း ထုတ် ပြန်ခဲ့သည်။
ဖောက်ခွဲရေးသမားသတင်း ကြောင့် မြိတ်တွင် ရပ်ကွက်၊ ကျေး ရွာများအဆင့်ထိ မူလအတိုင်း လုံ ခြုံရေးတင်းကျပ်ဆောင်ရွက်နေ ကြောင်း နယ်မြေလုံခြုံရေးတာဝန် ကျရဲအရာရှိတစ်ဦးကပြောသည်။

Credit : Yangon Media Group

0 comments:

Post a Comment