ကျွန်တော့ Website ကိုလာရောက်ကြည့်ရှူ အားပေးကြသူများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါသည်..သည် Website တွင်မိမိတို့လိုချင်ကြသော အရာများအား တတ်နိုင်သမျှ ကြိုးစားတင်ပေးသွားမည်ဖြစ်ပါသည်.. :)

Tuesday, September 17, 2013

လမ်း ၄၀ မှာ အ၀တ်လှန်းရာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး





လမ်း ၄၀ မှာ အ၀တ်လှန်းရာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

၁၇.၉.၂၀၁၃ ရက်နေ့  နံနက် ၁၁း၅၀ ခန့်က၊  ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ်၊ (၉)ရပ်ကွက်၊ လမ်း(၄၀) အမှတ် (၁၄၂) (၈)လွှာနေအိမ်သို့ အလည်လာ ရောက်သည်ဆိုသော  (၂၃)နှစ်အရွယ် ချင်းလူမျိုး  မကန်မီ ဆိုသူ မိန်းကလေးတစ်ဦး သည် တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။


အဆိုပါ နေအိမ်(၈)လွှာ ၀ရံတာမှ အ၀တ်လှန်းရင်း ပြုတ်ကျ၍ ဒဏ်ရာများရရှိပြီး ဆေးရုံသို့ပို့စဉ်  လမ်းမှာ သေဆုံးသွားတာဖြစ်ကြောင်း သတင်းရရှိပါသည်။

ဒီဗွီဘီ သတင်းမှာတော့ ရန်ကုန်မြို့မှာ တစ်ရက်အတွင်းမှာပဲ လူနှစ်ဦးတိုက်ပေါ်က ပြုတ်ကျပြီး သေဆုံးမှု နှစ်ခုဖြစ်ပွားခဲ့ကြောင်း။ ဦးညီငယ်ကပေးပို့ ထားပါတယ်။

ဒီမှာကတော့ သေဆုံးမှုကိုပြန်လည်မေးမြန်းထားတဲ့ Video ဖိုင်လေးပါ။


Credit : http://mmforward.blogspot.com/2013/09/blog-post_18.html

0 comments:

Post a Comment