ကျွန်တော့ Website ကိုလာရောက်ကြည့်ရှူ အားပေးကြသူများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါသည်..သည် Website တွင်မိမိတို့လိုချင်ကြသော အရာများအား တတ်နိုင်သမျှ ကြိုးစားတင်ပေးသွားမည်ဖြစ်ပါသည်.. :)

Thursday, August 29, 2013

ရှမ်းပြည်အရှေ့ပိုင်း မိုင်းလား - ကျိုင်းတုံသွား ကားလမ်းပေါ် မြေပြိုမှုဖြစ်ပွား


ရှမ်းပြည်အရှေ့ပိုင်း မိုင်းလား - ကျိုင်းတုံသွား ကားလမ်းပေါ်က ၀မ့်ရှို့ရွာအနီးမှာ သြဂုတ်လ ၂၇ ရက်နေ့ ညပိုင်းက မြေပြိုမှုဖြစ်ပွားပြီး မောင်းနှင်လာတဲ့ကားတစီး ကျွံကျသွားခဲ့ပါတယ်။

အဲဒီလမ်းဟာ ၂ ပိုင်းကျိုးပြတ်ပြီး အနီးနား ချောင်းထဲက ရေတွေ ၀င်လာတဲ့အတွက် ယာဉ်အသွား အလာတွေ ပြတ်တောက်သွားခဲ့ပါတယ်။


သက်ဆိုင်ရာတာဝန်ရှိသူက တခြားမြေ လမ်းတခု ပြန်ဖွင့်ပေးတဲ့အတွက် သြဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီကျော်လောက်ကစပြီး ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း၊ ကျွံကျသွားတဲ့ယာဉ်ကိုလည်း မနေ့က ဆွဲတင်နိုင်ခဲ့ပြီး ဒဏ်ရာရသူ တဦးတယောက်မှ မရှိဘူးလို့ မိုင်းလားဒေသခံက ပြောပါတယ်။


Credit : DVB

0 comments:

Post a Comment